ဟိုအရင် ယခင်နဲ့ မတူတဲ့ စည်းကမ်း၊
သတ်မှတ်ချက်တွေ များစွာ ပါလာမှာဖြစ်လို့
ဒီ ပိုစ့်လေးကို ဖတ်ပြီးမှ ပစ္စည်းပို့ဖို့ ဆုံးဖြတ်ပါ။
#ပစ္စည်းမပို့ခင်ကြိုတင်သိထားစရာများ
နံပါတ် ၁ ။
ပစ္စည်းပို့ရာမှာ မျဥ်းကြားအိတ် ၊ ပီနံအိတ်တွေအစား
ထောင့်ပုံး ကော်ပုံးတွေ နဲ့ ဦးစားပေးပြီးထည့်ပို့ပါ။
( ပစ္စည်းဖွင့်စစ်ရာမှာ လွယ်ကူစေပါတယ်ခင်ဗျာ )
နံပါတ် ၂ ။
မိတ်ဆွေတို့ရဲ့ ပစ္စည်းတွေကို လမ်းခရီး မှာတာဝန်ရှိ
သူများမှ လိုအပ်သလိုဖွင့်စစ်ခံကြရမှာ ဖြစ်ပါတယ်။
( ဖွင့်စစ်မခံသော ပစ္စည်းများ လက်မခံသေးပါခင်ဗျာ)
နံပါတ် ၃ ။
ပါဝင်ပစ္စည်းများကို အမျိုးအမည် ၊ အရေအတွက်
တခုချင်းစီ စာ /ပုံ / ဗွီဒီယို / မှတ်တမ်းအရင်ပို့ပေးပါ။
( စာရွက်တခုပေါ် ချရေးပြီး ပါဆယ်ပေါ်ကပ်ပေးပါဗျ)
နံပါတ် ၄ ။
ဘန်ကောက် ရန်ကုန် ကုန်စည်ပို့ အနည်းဆုံး ၅ ရက်မှ
အများဆုံး ဆိုတဲ့အချိန်ကြိုပြောမရသေးပါခင်ဗျာ ။
( ပစ္စည်းရောက်ငွေချေ တန်စာခ ကြိုမယူပါခင်ဗျာ )
နံပါတ် ၅ ။
ပစ္စည်းလက်ခံမည့်သူရဲ့ နေရပ်လိပ်စာ အတိအကျ
အိမ်အမှတ်၊ လမ်းအမည်၊ မြို့နယ်၊ မြို့၊ ပြည်နယ်/တိုင်း
ပါဆယ်ပေါ်မှာ ထင်ရှားစွာ ရေးသားပေးရပါမည်
( ဖုန်းနံပါတ် နာမည် အပါအဝင် ဖြစ်ပါတယ်ခင်ဗျာ)
#ပေးပို့ရန်လက်မခံသည့်ပစ္စည်းများ
နံပါတ် ၆ ။
လက်နက် ၊ ခဲ ၊ ယမ်း ၊ ဖောက်ခွဲရေး ပစ္စည်းများနဲ့
အလားတူ ပစ္စည်းများ အချွန်အတက် ၊ စစ်ဘက်ဆိုင်ရာ
ဆက်စပ်ပစ္စည်းများ ပို့ဆောင်ခွင့် မပြုထားပါခင်ဗျာ။
နံပါတ် ၇ ။
FDA မှ တားမြစ်ထားသော ပစ္စည်းများနဲ့
FDA မှ ခွင့်ပြုချက် မရရှိထားသော စားသောက်ကုန်
အလှကုန် နဲ့ ဆေးဝါး ထုတ်ကုန်များ လက်မခံသေးပါ။
နံပါတ် ၈ ။
မူးယစ်ဆေးဝါး နဲ့ ဆက်စပ်ပစ္စည်းများ
ရွှေထည် ၊ ငွေထည် နဲ့ ငွေစက္ကူများ နည်းတူ
အရေးကြီး စာရွက်စာတမ်း များ လက်မခံသေးပါ။
နံပါတ် ၈ ။
ပါဆယ်အပြင်မှာ ရေးကပ်ထားတဲ့ ပါဝင်ပစ္စည်းနဲ့
ပါဆယ်ထည်းမှာ ပါဝင်သည့် ပစ္စည်း မတူညီတဲ့အခါ
ပစ္စည်းရှင် ကိုယ်တိုင် တာဝန်ရှိသူများနဲ့ ဖြေရှင်းရပါမည်။
နံပါတ် ၉ ။
တရားဥပဒေနဲ့ မညီတဲ့ ပို့ဆောင်ကုန်စည်များပါခဲ့ပါက
ပစ္စည်းရှင်များကိုယ်တိုင် ကြုံလာသမျှ အဝဝကို
သက်ဆိုင်ရာဌာနမှာ ရင်ဆိုင်ဖြေရှင်းကြရပါမည်ခင်ဗျာ။
နံပါတ် ၁၀ ။
အပေါ်က အချက် ၉ ချက် မိတ်ဆွေ ဖတ်ပြီးပြီလားဗျ
ပစ္စည်းမပို့ခင် အရင် သေချာ နားလည်သွားသည်ထိ
အရင်ဖတ်ပြီးမှ ဆုံးဖြတ်ချက်ချသင့်ပါတယ်ခင်ဗျာ။
ဒီလိုစကားလုံးအသုံးအနှုန်းတွေနဲ့ကျွန်တော့်ဖောက်သည်
များကို မရေးချင်ပါ (လုံးဝမရေးချင်ပါ) 😌😌😌
သို့ပေမယ့်
လိုအပ်လာချိန် မဖြစ်မနေ ပြောရမယ့် ကြိုသိထားရမယ့်
အကြောင်းအရာ တွေ ဖြစ်နေတော့လည်း
ကိုသားကြီး လိုအပ်လို့ ပြတ်သားစွာ ပြောပြတာပါခင်ဗျာ
#ခရီးသည်များအဆင်ပြေစေရေးဦးစားပေးသည်
#DBG #KTG #KoTharGyi #today #travel #vlog
Ko Thar Gyi Ko Thar Gyi Ko Thar Gyi-Travel Services
Facebook page မှဆက်သွယ်ဖို့ပုံလေးနှိပ်ပေးပါ
0 comments:
Post a Comment